– ပဋ္ဌာန်း အစွမ်း နှင့် “အံ့ဩဖွယ်ရာ ပဋ္ဌာန်းတန််ခိုး အားကိုးကြပါစို့” “အံ့ဩဖွယ်ရာ ပဋ္ဌာန်းတန်ခိုး အားကိုးကြပါစို့”

ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )

ေဇာ္ဂ်ီ / ယူနီကုဒ္ ( ၂ မ်ိဳးလုံးျဖင့္ဖတ္ရႈႏိုင္ပါသည္ )

Unicode ဖြင့်ဖတ်ပါ
★★★★★

ပဋ္ဌာန်း အစွမ်း နှင့် “အံ့ဩဖွယ်ရာ ပဋ္ဌာန်းတန််ခိုး အားကိုးကြပါစို့”

“အံ့ဩဖွယ်ရာ ပဋ္ဌာန်းတန်ခိုး အားကိုးကြပါစို့”

ညောင်လေးပင်တွင်နေခဲ့စဉ်က ပန်းရံဆရာလေးတစ်ယောက်နှင့်ရင်းနှီးခဲ့ဖူးတယ်။ကျွန်တော်ရဲ့ယိုင်နဲ့နဲ့ အိမ်အိုလေးကို ခေါ်ပြင်ခိုင်းရာက သိကျွမ်းသွားခြင်းပါ။သူ့အဖွဲ့သားတွေဟာ ​မြေကြီးထဲမြုပ်နေသည့် အိမ်တိုင်တွေကို ဖြတ်သင့်တာဖြတ်၊ဆက်သင့်တာဆက်နှင့် ခက်ခက်ခဲခဲပြင်ပေးခဲ့ကြတယ်။

ပင်စင်စားဖြစ်သူ ကျွန်တော့်အခက်အခဲကို နားလည်ပုံလည်းရတယ်၊လုပ်အားခကို အတတ်နိုင်ဆုံးလျော့ယူခဲ့တယ်။စိတ်ထားအလွန်ကောင်းတဲ့လူငယ်ပါ။သူ့ဇနီးက စားဖျော်ဝန်ထမ်းလုပ်တယ်၊လင်မယားနှှစ်ဦးလုံး ကျွန်တော့်ကိို အစ်ကိုကြီးသဖွယ်ပါပဲ။ အခက်အခဲမှန်သမျှ လာတိိုင်ပင်ကြတယ်။

ဒီလိုရင်းနှီးခဲ့ရာက အချိန် ၁ နှစ်ကျော်လောက်ကြာတော့ “အောင်အောင်”ဟာ ခါးအောက်ပိုင်းချိနဲ့တဲ့ရောဂါဖြစ်လာတယ်။တစ်နေ့လုပ်မှှတစ်နေ့စားဘဝမို့ ဆေးရုံလည်းမတက်နိုင်ရှာဘူး။ကျွန်တော်လည်း ကိုယ့်ပညာနဲ့ ဗေဒင်တွက်ပေး၊ယတြာချေပေးနဲ့ ကူညီပေးရတာပေါ့။မိမိကိုယ်တိုင်က သူတစ်ပါးလှူတဲ့ဗေဒင်ဟောခလေးနဲ့ ရပ်တည်နေရသူမိို့ ငွေကြေးတော့မကူညီနိုင်ခဲ့ဘူး။

ဒီလိုနဲ့သူဟာ တဖြေးဖြေးရောဂါသည်းလာခဲ့တယ်။နောက်ဆုံးအကြိမ်အိမ်ကို လာလည်ချိန်မှာ သူဟာအတော်အားငယ်နေပါပြီ။”ကျွန်တော်လမ်းလျှောက်နိိုင်မယ်မထင်တော့ဘူးအစ်ကို၊ကူညီပါဦးဗျာ”လို့ အားကိုးတကြီးပြောလာတယ်။

ကိုယ်လည်းဘာမှမလုပ်ပေးနိုင်တော့ စိတ်မကောင်းဖြစ်ပြီး ရုတ်တရက်ပြန်ပြောစရာစကားရှာမရခဲ့ဘူး။ဒီအချိန်မှာပဲ ပဋ္ဌာန်းရွတ်ခြင်းရဲ့ကောင်းကျိုးစာပုုဒ်လေးဖတ်ဖူးတာကို စိတ်ထဲပေါ်လာတယ်။

“အောင်အောင်ရေ-ပဋ္ဌာန်းကို မနက် ၁ ခေါက်-ည ၁ ခေါက် ရိုရိုသေသေရွတ်ဖတ်ပူဇော်ကွာ-ဘုရားရှင်ရဲ့အတိုင်းမသိဉာဏ်တော်ကြီး ကျက်စားရာ ဒေသနာကြီးကွ၊နှယ်နှယ်ရရမမှတ်နဲ့နော်၊ညီလေးလည်းရွတ်၊အစ်ကိုလည်း ဝိုင်းရွတ်ပြီး မေတ္တာပို့ပေးမယ်-လို့ တိုက်တွန်းလိုက်တယ်။

ဒီစကားကြားတော့ သူ့မျက်နှာမှာ မျှော်လင့်ချက်ရောင်ခြည်တစ်ချို့လင်းသွားသလိုပဲ။-ကျွန်တော်အစ်ကို့ကိုယုံတယ်-အစ်ကိိုက အဓိိပ္ပာယ်မဲ့ မပြောဘူးဆိိုတာ ကျွန်တော်သိိတယ်၊ခိုင်းတဲ့အတိုင်း သေချာလုပ်ပါ့မယ်-အစ်ကို့မေတ္တာကိုလည်း ခံယူပါတယ်နော်-လို့ ပြောပြီးပြန်သွားပါတော့တယ်။

ဒီလိိုနဲ့ ကျွန်တော်လည်း မနက်တစ်ကြိမ် ညတစ်ကြိမ်ါ ပဋ္ဌာန်းရွတ်ပေးပြီး၊သူ့ရောဂါပျောက်ပါစေလို့ မေတ္တာပို့ပေးဖြစ်တယ်။တစ်လလောက်နေတော့ သူ့ဇနီးကအိိမ်ရောက်လာတယ်။”ကိုအောင် ပဋ္ဌာန်းတွေ တစ်နေကုန်ရွတ်နေတယ်၊အရက်လည်း မသောက်တော့ဘူးတဲ့၊

ငါ့အစ်ကိုက မဟုတ်တာ ဘယ််တော့မှ ပြောမှာမဟုတ်ဘူး၊သူက မနက်တစ်ခေါက် ညတစ်ခေါက်ရွတ်ခိုင်းပေမယ့် ငါလည်းလမ်းမှမလျှောက်နိုင်တော့တာ၊တစ်ရက်ကို ၂၄ ခေါက်ရွတ်မယ်ဆိုပြီး ရွတ်နေတာပဲ၊ကျွန်မလည်း ရုံးသွား၊ကလေးတွေအမေ့အိမ်ပို့နဲ့ မအားဘူး၊ဒါကြောင့်အစ်ကိုဆီလည်း မရောက်တာပါ”လို့လာပြောရှာတယ်။

ဒီလိုနဲ့ နောက်တစ်လလောက်နေတော့ အောင်အောင်တစ်ယောက် ကျွန်တော့်ထံပေါက်ချလာပါတော့တယ်။စက်ဘီးစီးပြီးလာတာပါ။အိမ်ပေါ်လှမ်းတက်ရင်း -အစ်ကို ကျွန်တော့်ခြေထောက်တွေပြန်ကောင်းသွားပြီ-လို့ နှုတ်ကအော်ပြောလာတယ်။

အိိမ်ပေါ်အတူထိုင်ဖြစ်မှ သူ့အကြောင်းတွေ အားရပါးရပြောပါတော့တယ်။သူကတစ်နေ့ ပဋ္ဌာန်း ၂၄ ကြိမ်ရွတ်တယ်၊သီလထိန်း၊ပဋ္ဌာန်းရွတ်-နတ်တွေအမျှဝေနဲ့ တစ်နေကုန်နီးပါးလုပ်ဖြစ်တယ်။အိိမ်မှာလည်းတစ်ယောက်ထဲဆိုတော့ အချိန်တိုင်းရွတ်လို့သိပ်ကောင်းသတဲ့၊ထမင်းစားတာ၊အပေါ့အလေးသွားတာ ဖင်တစ်ရွတ်ဆွဲသွားရတယ်။ဒုက္ခကြီးလေ သံဝေဂရလေဖြစ်ပြီး နေရတဲ့အခိိုက် ပဋ္ဌာန်းရွတ်တဲ့ကုသိုလ်နဲ့ပဲနေတော့မယ်လို့ဆုံးဖြတ်ထားတယ်ပြောတယ်။

ဒီလိုနဲ့ မနေ့ညမှာ သူဟာအိမ်မှာတစ်ယောက်ထဲ ပဋ္ဌာန်းရွတ်နေရင်း ခြေထောက်အောက်ပိုင်းပြတ်ထွက်မတတ်နာလာတယ်၊သေချင်သေပါစေ၊မိန်းမနဲ့ကလေးတွေပြန်မရောက်ခင်် ၂၄ ခေါက်ပြည့်အောင်ရွတ်မယ်ဆိုပြီး အားတင်းရွတ်လိုက်တာ၊ ရွတ်လို့လည်းပြီးသွားရော သတိလစ်သလိုဖြစ်သွားတယ်တဲ့။

အချိန်ဘယ်လောက်ကြာတယ်တော့ မသိဘူး၊သူသတိရတော့ အိမ်အောက်က မြေကြီးပေါ်ရပ်လျှက်သားဖြစ်နေတယ်။-ဟာ ငါဘာဖြစ်တာပါလိမ့်-လမ်းမလျှောက်နိုင်ပဲ ဒီလှေခါးအောက်ကို ဘယ်လိုရောက်လာတာလဲ-အခုလည်းမတ်တပ်ရပ်လို့ရနေတယ်ဆိုပြီး အံ့ဩတကြီးနဲ့ ခြေထောက်တွေလှုပ်ကြည့်၊လမ်းလျှောက်ကြည့်တော့ရတယ်တဲ့။

အဲဒီအချိန်မှာပဲ မိန်းမနဲ့ ကလေးတွေပြန်ရောက်လာတယ်-အကျိုးအကြောင်းပြောပြတော့ ဝမ်းသာလွန်းလို့ငိုလိုက်ကြတာတဲ့။ဒါအစ်ကို့ကျေးဇူးကြောင့်ဆိုပြီး ဒီမနက်လာကန်တော့တာပါလိို့ ပြောပြောဆိုဆို လက်အုပ်ချီကန်တော့ပါတယ်။ကျွန်တော်လည်း ဝမ်းသာလိုက်တာ၊ဘုရားရှင်ကိုလည်း ကြည်ညိုလွန်းလို့ စိတ်ထဲမှာ =နမော ဗုဒ္ဓဿ= လို့ချည်းရွတ်နေမိပါတော့တယ်။

အံ့ဩဖွယ် ဖြစ်ရပ်မှန်တစ်ခုပါ။အဲဒီ-အောင်အောင်-တို့မိသားစု ပဲခူးပြောင်းပြီး ကွမ်းယာရောင်းမယ်လို့ လာနှုတ်ဆက်သွားကတည်းက ဒီနေ့ထိမတွေ့ဖြစ်တော့ပါ။ကျွန်တော်လည်း ရန်ကုုန်ရောက်ပြီး နယ်မပြန်ဖြစ်သေးပါ။သူတို့မိသားစု သီလထိန်း-ပဋ္ဌာန်းရွတ်မှ ဆက်လုပ်ပါ့မလားလို့ သတိရတိုင်း တွေးမိနေသေးတယ်။

ခုတလော ကပ်ရောဂါကြီးဘယ် တော့ပြီးမလဲလို့မေးသူတွေများတယ်။ကျွန်တော်လည်းသေချာမသိလို့ အတိိအကျမပြောနိုင်ခဲ့ဘူး။ဒီနေ့မှာနယ်ကလူငယ်တစ်ယောက်က-စွယ်စုံကြီး ဂုဏ်တော်ပုတီး-တစ်ကုံးကို အမြန်ချောနဲ့ပို့လာတယ်။ပုတီးကိုမြင်ရကတည်းက ပုတီးစိတ်ချင်စိတ်တွေတဖွားဖွားဖြစ်ပေါ်လာတယ်။

အဲဒီပုတီးကိုကိုင်လိုက်စဉ်ခဏမှာပဲ “ကြုံနေရတဲ့ ကပ်ရောဂါဘေးက အထိအခိုက်နည်းနည်းနဲ့ ငြိမ်သက်သွားမယ်”လို့ အကောင်းမြင်စိတ်ပေါ်လာတယ်။ဒါပေမယ့် အခြားသဘာဝဘေးတွွေ လာလေဦးမလားလို့လည်း စိတ်ပူမိပြန်တယ်။ဒါဟာ ပုထုဇဉ်တစ်ဦးရဲ့စိတ္တဇအတွေးပါပဲ။စိတ်ထဲပေါ်တဲ့အတွေးဆိုတာ မှန်မယ်၊မှားမယ် ဘယ်အတတ်သိနို်င်ပါ့မလဲနော်။

တကယ့်အမှှန်တရားကတော့ ဘယ်အခြေအနေကြုံသည်ဖြစ်စေ၊တစ်ဦးနဲ့တစ်ဦးမေတ္တာထားပြီးနေကြဖို့ပါပဲ။ဗုဒ္ဓဘာသာဝင်များအနေနဲ့တော့ ၂၀၂ဝကုန်အထိ နေ့စဉ် သီလထိန်းပြီး၊ပရိတ်၊ပဋ္ဌာန်း တွေရွတ်ကြရင် ကောင်းပါမယ်။

တကယ်တော့ကြုံနေရတဲ့ ကပ်ဘေးဖြစ်စေ၊ထပ်ကြုံရနိိုင်တဲ့ အန္တရာယ်ဖြစ်စေ၊လူအများစု သီင်္လ သမာဓိ ပညာတွေနဲ့နေထိုင်ကြရင် သက်သာခြင်း-ပပျောက်ခြင်းများ ဖြစ်မှာအမှန်ပဲလို့ယုံကြည်မိပါတယ်ဗျာ။

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ပ႒ာန္း အစြမ္း ႏွင္႔ “အံ့ဩဖြယ္ရာ ပ႒ာန္းတန္္ခိုး အားကိုးၾကပါစို႔”

“အံ့ဩဖြယ္ရာ ပ႒ာန္းတန္ခိုး အားကိုးၾကပါစို႔”

ေညာင္ေလးပင္တြင္ေနခဲ့စဥ္က ပန္းရံဆရာေလးတစ္ေယာက္ႏွင့္ရင္းႏွီးခဲ့ဖူးတယ္။ကြၽန္ေတာ္ရဲ႕ယိုင္နဲ႔နဲ႔ အိမ္အိုေလးကို ေခၚျပင္ခိုင္းရာက သိကြၽမ္းသြားျခင္းပါ။သူ႔အဖြဲ႕သားေတြဟာ ​ေျမႀကီးထဲျမဳပ္ေနသည့္ အိမ္တိုင္ေတြကို ျဖတ္သင့္တာျဖတ္၊ဆက္သင့္တာဆက္ႏွင့္ ခက္ခက္ခဲခဲျပင္ေပးခဲ့ၾကတယ္။

ပင္စင္စားျဖစ္သူ ကြၽန္ေတာ့္အခက္အခဲကို နားလည္ပုံလည္းရတယ္၊လုပ္အားခကို အတတ္ႏိုင္ဆုံးေလ်ာ့ယူခဲ့တယ္။စိတ္ထားအလြန္ေကာင္းတဲ့လူငယ္ပါ။သူ႔ဇနီးက စားေဖ်ာ္ဝန္ထမ္းလုပ္တယ္၊လင္မယားႏွွစ္ဦးလုံး ကြၽန္ေတာ့္ကိုိ အစ္ကိုႀကီးသဖြယ္ပါပဲ။ အခက္အခဲမွန္သမွ် လာတိုိင္ပင္ၾကတယ္။

ဒီလိုရင္းႏွီးခဲ့ရာက အခ်ိန္ ၁ ႏွစ္ေက်ာ္ေလာက္ၾကာေတာ့ “ေအာင္ေအာင္”ဟာ ခါးေအာက္ပိုင္းခ်ိနဲ႔တဲ့ေရာဂါျဖစ္လာတယ္။တစ္ေန႔လုပ္မွွတစ္ေန႔စားဘဝမို႔ ေဆး႐ုံလည္းမတက္ႏိုင္ရွာဘူး။ကြၽန္ေတာ္လည္း ကိုယ့္ပညာနဲ႔ ေဗဒင္တြက္ေပး၊ယၾတာေခ်ေပးနဲ႔ ကူညီေပးရတာေပါ့။မိမိကိုယ္တိုင္က သူတစ္ပါးလႉတဲ့ေဗဒင္ေဟာခေလးနဲ႔ ရပ္တည္ေနရသူမိုိ႔ ေငြေၾကးေတာ့မကူညီႏိုင္ခဲ့ဘူး။

ဒီလိုနဲ႔သူဟာ တေျဖးေျဖးေရာဂါသည္းလာခဲ့တယ္။ေနာက္ဆုံးအႀကိမ္အိမ္ကို လာလည္ခ်ိန္မွာ သူဟာအေတာ္အားငယ္ေနပါၿပီ။”ကြၽန္ေတာ္လမ္းေလွ်ာက္ႏိုိင္မယ္မထင္ေတာ့ဘူးအစ္ကို၊ကူညီပါဦးဗ်ာ”လို႔ အားကိုးတႀကီးေျပာလာတယ္။ကိုယ္လည္းဘာမွမလုပ္ေပးႏိုင္ေတာ့ စိတ္မေကာင္းျဖစ္ၿပီး ႐ုတ္တရက္ျပန္ေျပာစရာစကားရွာမရခဲ့ဘူး။ဒီအခ်ိန္မွာပဲ ပ႒ာန္း႐ြတ္ျခင္းရဲ႕ေကာင္းက်ိဳးစာပုုဒ္ေလးဖတ္ဖူးတာကို စိတ္ထဲေပၚလာတယ္။

“ေအာင္ေအာင္ေရ,ပ႒ာန္းကို မနက္ ၁ ေခါက္၊ည ၁ ေခါက္ ႐ို႐ိုေသေသ႐ြတ္ဖတ္ပူေဇာ္ကြာ=ဘုရားရွင္ရဲ႕အတိုင္းမသိဉာဏ္ေတာ္ႀကီး က်က္စားရာ ေဒသနာႀကီးကြ၊ႏွယ္ႏွယ္ရရမမွတ္နဲ႔ေနာ္၊ညီေလးလည္း႐ြတ္၊အစ္ကိုလည္း ဝိုင္း႐ြတ္ၿပီး ေမတၱာပို႔ေပးမယ္”လို႔ တိုက္တြန္းလိုက္တယ္။

ဒီစကားၾကားေတာ့ သူ႔မ်က္ႏွာမွာ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္တစ္ခ်ိဳ႕လင္းသြားသလိုပဲ။”ကြၽန္ေတာ္အစ္ကို႔ကိုယုံတယ္၊အစ္ကိုိက အဓိိပၸာယ္မဲ့ မေျပာဘူးဆိုိတာ ကြၽန္ေတာ္သိိတယ္၊ခိုင္းတဲ့အတိုင္း ေသခ်ာလုပ္ပါ့မယ္၊အစ္ကို႔ေမတၱာကိုလည္း ခံယူပါတယ္ေနာ္-လို႔ ေျပာၿပီးျပန္သြားပါေတာ့တယ္။

ဒီလိုိနဲ႔ ကြၽန္ေတာ္လည္း မနက္တစ္ႀကိမ္ ညတစ္ႀကိမ္ါ ပ႒ာန္း႐ြတ္ေပးၿပီး၊သူ႔ေရာဂါေပ်ာက္ပါေစလို႔ ေမတၱာပို႔ေပးျဖစ္တယ္။တစ္လေလာက္ေနေတာ့ သူ႔ဇနီးကအိိမ္ေရာက္လာတယ္။”ကိုေအာင္ ပ႒ာန္းေတြ တစ္ေနကုန္႐ြတ္ေနတယ္၊အရက္လည္း မေသာက္ေတာ့ဘူးတဲ့

ငါ့အစ္ကိုက မဟုတ္တာ ဘယ္္ေတာ့မွ ေျပာမွာမဟုတ္ဘူး၊သူက မနက္တစ္ေခါက္ ညတစ္ေခါက္႐ြတ္ခိုင္းေပမယ့္ ငါလည္းလမ္းမွမေလွ်ာက္ႏိုင္ေတာ့တာ၊တစ္ရက္ကို ၂၄ ေခါက္႐ြတ္မယ္ဆိုၿပီး ႐ြတ္ေနတာပဲ၊ကြၽန္မလည္း ႐ုံးသြား-ကေလးေတြအေမ့အိမ္ပို႔နဲ႔ မအားဘူး၊ဒါေၾကာင့္အစ္ကိုဆီလည္း မေရာက္တာပါ”လို႔လာေျပာရွာတယ္။

ဒီလိုနဲ႔ ေနာက္တစ္လေလာက္ေနေတာ့ ေအာင္ေအာင္တစ္ေယာက္ ကြၽန္ေတာ့္ထံေပါက္ခ်လာပါေတာ့တယ္။စက္ဘီးစီးၿပီးလာတာပါ။အိမ္ေပၚလွမ္းတက္ရင္း “အစ္ကို ကြၽန္ေတာ့္ေျခေထာက္ေတြျပန္ေကာင္းသြားၿပီ”လို႔ ႏႈတ္ကေအာ္ေျပာလာတယ္။အိိမ္ေပၚအတူထိုင္ျဖစ္မွ သူ႔အေၾကာင္းေတြ အားရပါးရေျပာပါေတာ့တယ္။သူကတစ္ေန႔ ပ႒ာန္း ၂၄ ႀကိမ္႐ြတ္တယ္၊သီလထိန္း၊ပ႒ာန္း႐ြတ္၊နတ္ေတြအမွ်ေဝနဲ႔ တစ္ေနကုန္နီးပါးလုပ္ျဖစ္တယ္။

အိိမ္မွာလည္းတစ္ေယာက္ထဲဆိုေတာ့ အခ်ိန္တိုင္း႐ြတ္လို႔သိပ္ေကာင္းသတဲ့၊ထမင္းစားတာ၊အေပါ့အေလးသြားတာ ဖင္တစ္႐ြတ္ဆြဲသြားရတယ္။ဒုကၡႀကီးေလ သံေဝဂရေလျဖစ္ၿပီး ေနရတဲ့အခိုိက္ ပ႒ာန္း႐ြတ္တဲ့ကုသိုလ္နဲ႔ပဲေနေတာ့မယ္လို႔ဆုံးျဖတ္ထားတယ္ေျပာတယ္။

ဒီလိုနဲ႔ မေန႔ညမွာ သူဟာအိမ္မွာတစ္ေယာက္ထဲ ပ႒ာန္း႐ြတ္ေနရင္း ေျခေထာက္ေအာက္ပိုင္းျပတ္ထြက္မတတ္နာလာတယ္၊ေသခ်င္ေသပါေစ၊မိန္းမနဲ႔ကေလးေတြျပန္မေရာက္ခင္္ ၂၄ ေခါက္ျပည့္ေအာင္႐ြတ္မယ္ဆိုၿပီး အားတင္း႐ြတ္လိုက္တာ၊ ႐ြတ္လို႔လည္းၿပီးသြားေရာ သတိလစ္သလိုျဖစ္သြားတယ္တဲ့။

အခ်ိန္ဘယ္ေလာက္ၾကာတယ္ေတာ့ မသိဘူး၊သူသတိရေတာ့ အိမ္ေအာက္က ေျမႀကီးေပၚရပ္လွ်က္သားျဖစ္ေနတယ္။”ဟာ ငါဘာျဖစ္တာပါလိမ့္၊လမ္းမေလွ်ာက္ႏိုင္ပဲ ဒီေလွခါးေအာက္ကို ဘယ္လိုေရာက္လာတာလဲ၊အခုလည္းမတ္တပ္ရပ္လို႔ရေနတယ္ဆိုၿပီး အံ့ဩတႀကီးနဲ႔ ေျခေထာက္ေတြလႈပ္ၾကည့္၊လမ္းေလွ်ာက္ၾကည့္ေတာ့ရတယ္တဲ့။

အဲဒီအခ်ိန္မွာပဲ မိန္းမနဲ႔ ကေလးေတြျပန္ေရာက္လာတယ္၊အက်ိဳးအေၾကာင္းေျပာျပေတာ့ ဝမ္းသာလြန္းလို႔ငိုလိုက္ၾကတာတဲ့။ဒါအစ္ကို႔ေက်းဇူးေၾကာင့္ဆိုၿပီး ဒီမနက္လာကန္ေတာ့တာပါလိုိ႔ ေျပာေျပာဆိုဆို လက္အုပ္ခ်ီကန္ေတာ့ပါတယ္။ကြၽန္ေတာ္လည္း ဝမ္းသာလိုက္တာ-ဘုရားရွင္ကိုလည္း ၾကည္ညိဳလြန္းလို႔ စိတ္ထဲမွာ =နေမာ ဗုဒၶႆ=လို႔ခ်ည္း႐ြတ္ေနမိပါေတာ့တယ္။

အံ့ဩဖြယ္ ျဖစ္ရပ္မွန္တစ္ခုပါ။အဲဒီ”ေအာင္ေအာင္”တို႔မိသားစု ပဲခူးေျပာင္းၿပီး ကြမ္းယာေရာင္းမယ္လို႔ လာႏႈတ္ဆက္သြားကတည္းက ဒီေန႔ထိမေတြ႕ျဖစ္ေတာ့ပါ။ကြၽန္ေတာ္လည္း ရန္ကုုန္ေရာက္ၿပီး နယ္မျပန္ျဖစ္ေသးပါ။သူတို႔မိသားစု သီလထိန္း၊ပ႒ာန္း႐ြတ္မွ ဆက္လုပ္ပါ့မလားလို႔ သတိရတိုင္း ေတြးမိေနေသးတယ္။

ခုတေလာ ကပ္ေရာဂါႀကီးဘယ္ ေတာ့ၿပီးမလဲလို႔ေမးသူေတြမ်ားတယ္။ကြၽန္ေတာ္လည္းေသခ်ာမသိလို႔ အတိိအက်မေျပာႏိုင္ခဲ့ဘူး။ဒီေန႔မွာနယ္ကလူငယ္တစ္ေယာက္က”စြယ္စုံႀကီး ဂုဏ္ေတာ္ပုတီး” တစ္ကုံးကို အျမန္ေခ်ာနဲ႔ပို႔လာတယ္။ပုတီးကိုျမင္ရကတည္းက ပုတီးစိတ္ခ်င္စိတ္ေတြတဖြားဖြားျဖစ္ေပၚလာတယ္။

အဲဒီပုတီးကိုကိုင္လိုက္စဥ္ခဏမွာပဲ =ႀကဳံေနရတဲ့ ကပ္ေရာဂါေဘးက အထိအခိုက္နည္းနည္းနဲ႔ ၿငိမ္သက္သြားမယ္=လို႔ အေကာင္းျမင္စိတ္ေပၚလာတယ္။ဒါေပမယ့္ အျခားသဘာဝေဘးေတြြ လာေလဦးမလားလို႔လည္း စိတ္ပူမိျပန္တယ္။ဒါဟာ ပုထုဇဥ္တစ္ဦးရဲ႕စိတၱဇအေတြးပါပဲ။စိတ္ထဲေပၚတဲ့အေတြးဆိုတာ မွန္မယ္၊မွားမယ္ ဘယ္အတတ္သိႏို္င္ပါ့မလဲေနာ္။

တကယ့္အမွွန္တရားကေတာ့ ဘယ္အေျခအေနႀကဳံသည္ျဖစ္ေစ တစ္ဦးနဲ႔တစ္ဦးေမတၱာထားၿပီးေနၾကဖို႔ပါပဲ။ဗုဒၶဘာသာဝင္မ်ားအေနနဲ႔ေတာ့ ၂၀၂၀ကုန္အထိ ေန႔စဥ္ သီလထိန္းၿပီး၊ပရိတ္ ပ႒ာန္း ေတြ႐ြတ္ၾကရင္ ေကာင္းပါမယ္။

တကယ္ေတာ့ႀကဳံေနရတဲ့ ကပ္ေဘးျဖစ္ေစ၊ထပ္ႀကဳံရႏိုိင္တဲ့ အႏၲရာယ္ျဖစ္ေစ၊လူအမ်ားစု သီၤလ သမာဓိ ပညာေတြနဲ႔ေနထိုင္ၾကရင္ သက္သာျခင္း၊ပေပ်ာက္ျခင္းမ်ား ျဖစ္မွာအမွန္ပဲလို႔ယုံၾကည္မိပါတယ္ဗ်ာ။

crd