ယောက်ျားတို့အတွက် သင်္ဘောရွက်

ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )


Unicode ဖြင့်ဖတ်ပါ
★★★★★

ယောက်ျားတို့အတွက်သင်္ဘောရွက်
( မေတ္တာဖြင့် တောင်ကြီးသား)ယောက်ျားမှာ ဆီး၊မိန်းမမှာမီး-လို့ဆိုရိုးစကားရှိပါတယ်
စာရေးသူတို့ယောက်ျားတွေတော်တော်များများ ဖြစ်တတ်တဲ့ဝေဒနာတမျိုးပါ။

စာရေးသူဟာ မကြာခဏဆီးနည်း၊ဆီးအောင့်၊ကျောက်ကပ်ရောင်ခြင်းဖြစ်တတ်ပါတယ်။ဆီးအောင့်ပါများပြီးကပ်ပယ်အိတ်ပါရောင်လာတတ်ပါတယ်။လက်သီးဆုတ်လောက်အထိရောင်လာပြီးထိုင်ထလမ်းလျှောက်ရင်အောင့်ပြီးခံရခက်တာကို ဖြစ်ဖူးသူတိုင်းသိကြမှာပါ

အလေးအပင်မ,မိရင်လဲဖြစ်တတ်ပါတယ်။တနေ့မှာစာရေးသူလဲကပ်ပယ်အိတ်ပါရောင်ပြီးလမ်းတောင်မလျှောက်နိုင်ပါဘူး။ဆေးထိုးတော့လဲ သက်သာပေမယ့်အရောင်ကမကျဘူးဖြစ်နေပါတယ်

ဒီလိုနဲ့တနေ့မှာ(ကိုကြည်နိုင်)ဆိုတဲ့မိတ်ဆွေနဲ့တွေ့တုန်းသူဖြစ်တုန်းကပအိုဝ်းတိုင်းရင်းသားမိတ်ဆွေပြောတဲ့ဆေးမြီးတိုနည်းကြောင့်သက်သာပျောက်ကင်းခဲ့တဲ့နည်းကိုပြောပြပါတယ်။စာရေးသူလဲသူပြောတဲ့နည်းလေးကိုသုံးကြည်တာသက်သာပျောက်ကင်းခဲ့လို့အခု တင်ပြပေးလိုက်ပါတယ်

သင်္ဘောရွက်အကြမ်းရွက်ကိုမီးနဲ့ကျွမ်းအောင်ကင်ပြီးရေနွေးဖြူပူပူထဲခြွေထည့်ပြီးရေနွေးကြမ်းသောက်ပန်းကန်နှစ်လုံးစာလောက်ကိုတနေ့သုံးကြိမ်သောက်ပေးရပါတယ်။ခါးလွန်းခြင်းမရှိဘဲသောက်လို့ကောင်းပါတယ်

သင်္ဘောရွက်အနုကိုတော့မီးအုံးကင်ပြီး ထမင်းစားတဲ့အခါတို့စရာလိုစားပေးရပါတယ်
၂-ရက်လောက်စားပြီးတဲ့အခါသက်သာလာပါတယ်
၅-ရက်လောက်သုံးပြီးတော့သက်သာပျောက်ကင်းသွားပါတယ်

ကျန်းမာရေးအတွက်ဆေတစ်ခွက်
ပြန်လည်မျှဝေပါသည်အိမ်တွင်းဆေးမြီးတိုများစုစည်းမှု့

Zawgyi ဖြင့်ဖတ်ပါ
★★★★★





