* ကွမ်းယာလုပ်ငန်းရှင်တစ်ဦးပြောပြတဲ့ ကြောက်မယ်ဖွယ် ကွမ်းယာ အန္တရာယ်
ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Credit – Aung Thura Phyo
Unicode ဖြင့်ဖတ်ပါ
★★★★★
ရေစိမ်ပြီး စိတ်ထားတဲ့ကွမ်းသီးစိတ် တွေကို အလုံပိတ်အခန်းထဲမှာ ကန့်(ဆာလဖာ)မှုန့် ကို မီးရှို့ပြီးထွက်လာတဲ့ အငွေ့နဲ့ပေါင်းတယ်။ ကန့်ရိုက်တယ်လို့ ခေါ်ပါတယ်။
ကန့်ကို မီးရှို့လို့ ထွက်လာတဲ့ ဓာတ်ငွေ့နဲ့ ကွမ်းသီးစိတ် မျက်နှာပြင်က ရေအစိုဓာတ် ဓာတ်ပြုချိန်မှာ ဆာလဖြူရစ် အက်ဆစ်အပျော့စားဖြစ်လာပြီး ကွမ်းသီး မျက်နှာပြင်ကို အက်စစ်က တိုက်စားလိုက်တယ်။ အဲဒီအခါမှာ နဂိုက ခပ်ညိုညိုကွမ်းသီးဟာ ဖွေးဖြူပြီး စားချင်စဖွယ်ဖြစ်သွားရောဗျ။ကန့်ဖိုထဲက ထွက်လာကာစ ကွမ်းသီးစိတ်ကို နမ်းကြည့်ဖို့မပြောနဲ့ အရမ်းပြင်းတဲ့အနံ့ဆိုးကြောင့် ကန့်ဖိုဖွင့်ခါစမှာ အထဲကို လူမဝင်နိုင်ပါဘူး။ အဲ့လိုအနံ့ပြင်းတဲ့ ကွမ်းသီးစိတ် ကိုမှ ကွမ်းယာဆိုင်ကို ပို့တဲ့လူတွေက ဝယ်ကြတယ်။ အနံ့ပြင်းလေ ၊ မှိုအတက်သက်သာလေ အထားခံလေကိုး။
(ကွမ်း အန္တရာယ် ကို လက်လှမ်းမှီ သလောက်တင်ပြပါမယ်။ စားတာမစားတာ ကိုယ်ပိုင် ဆုံးဖြတ်ချက်သာ ဖြစ်ပါကြောင်း)ယင်းပို့စ်အောက်တွင် ကွမ်းသီးလုပ်ငန်း လုပ်ကိုင်ခဲ့သူ တဦးက ပြောပြသည့် ကွန်းမန့်တခုကိုလည်း ပြန်လည် ဖော်ပြလိုက်ပါသည်-ကွမ်းသီးခြမ်းဖြစ်စေ ၊ အလုံးဖြစ်စေ ရေစည်ပိုင်းထဲထည့် အနည်းဆုံးတညလောက် ရေစိမ်ထား။ နောက်နေ့ ကြိမ်ခြင်းတွေနဲ့ ပြန်ဆယ်။ အုတ်တိုက်ထဲကြိမ်ခြင်းတွေ ထပ်ထား။ မီးဖိုကို မီးသွေးတွေနဲ့ ရဲနေအောင် အပြင်မှာဖို။ ခူးထားတဲ့ရွှံ့တွေ ရေနဲ့ပြန်နယ်ထား။
ကန့်တွေကို အမှုန့်ဖြစ်အောင် ထောင်းထုပြီး စက္ကူနဲ့ထုပ်ပြီးအဆင်သင့်ပြင်ထား။ အုတ်တိုက်ထဲ ပြည့်ပြီလားဆို မီးခဲတွေ ရဲနေပြီဖြစ်တဲ့ မီးဖိုအရင်မ ထည့်။ မျက်နှာသုတ်ပုဝါကို ရေဆွတ်ပြီး နှာခေါင်းနဲ့ မျက်နှာပတ်ထားတဲ့လူက ကန့်မှုန့်ထုပ်ကို မီးဖိုထဲထည့်။စူးကနဲ ထွက်လာတဲ့ ကန့်မီးလောင်တဲ့အနံ့က နှာခေါင်းထဲကို သံချွန်နဲ့ ထိုးလိုက်သလိုအချိန်မှာ တံခါးကို အဆင်သင့် ကိုင်ထားတဲ့တယောက်က အမြန်ပိတ်။ တံခါးကြားက ထွက်လာတဲ့ အနံ့တွေကို ရွှံ့တွေနဲ့ လေလုံအောင် သေချာအမြန်မံ။ ရပြီ။
၂-၃ ရက်လောက် ထားလိုက်တော့။ နောက် ပြန်ဖွင့်တဲ့ ရက်စောင့်။ ဖွင့်ရက်ရောက်ရင် မျက်နှာသုတ်ပုဝါရေဆွတ်ပတ်ပြီး တံခါးဖွင့်။ ပေ ၂၀ လောက်က တော်ယုံလူကတော့ နှာခေါင်းထဲ သံချွန်နဲ့ ထိုးထည့်လိုက်သလို ခံစားရလိမ့်အုံးမယ်။ တရက်လောက် ဖွင့်ထားပြီးမှ ကြိမ်ခြင်းတွေ ပြန်ထမ်းထုတ်။ အိတ်သွတ် ပိဿာ ၆၀ ချိန်ထည့်။ လိုရာကားတင်ပို့။
Credit – Aung Thura Phyo