ကိုဗစ်ကြောင့် ဖခင်လည်းမဲ့ရသလို နေစရာလည်းမဲ့ခဲ့ရတဲ့ကလေး၃ယောက်

ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )


Unicode ဖြင့်ဖတ်ပါ
★★★★★

“ကိုဗစ်ကြောင့် ဖခင်လည်းမဲ့ရသလို နေစရာလည်းမဲ့ခဲ့ရတဲ့ကလေး၃ယောက်”

သုဝဏ္ဏသင်္ကန်းကျွန်းဘက်မှာ ဖခင်ဖြစ်သူနဲ့ အတူနေထိုင်တဲ့မောင်နှမ(၃)ယောက် ဖခင်ဖြစ်သူက ရောဂါနဲ့ဆုံးသွားခဲ့တာကြောင့် ကလေးတွေနေစရာအိမ်ပါမရှိဖြစ်ပြီး ဒုက္ခရောက်သွားခဲ့ရပါတယ် ။

သူ့တို့အဖေအလောင်းကိုလာသယ်မယ့်သူမရှိလို့ ပုလဲမီးသတ်ကသွားရောက်ကူညီပြီး သုသာန်သို့ပို့ပေးခဲ့ပါတယ်။ သားအကြီးဆုံးကောင်လေးက အလုပ်လုပ်ပြီးအဖေကိုဆေးကုပေးခဲ့ပါတယ်။

သူတို့လေးတွေနေစရာမရှိ စားစရာမရှိအခက်အခဲကြုံနေရပြီလည်းဖြစ်ပါတယ်။

သူတို့အဖေအလောင်းလာသယ်တာကိုခေတ္တစောင့်ရှောက်ပေးထားတဲ့နေရာကနေ အဖေ့ကိုသူတို့လှမ်းကြည့်နေတဲ့မြင်ကွင်းကလည်း ရင်နင့်စရာဖြစ်ခဲ့ပါတယ်။

ပုလဲအရန်မီးသတ်တပ်ဖွဲ့

Zawgyi ျဖင့္ဖတ္ပါ
★★★★★




