မီးသဂြိုဟ်ပေးနေရမှုနှင့်ပတ်သက်၍ မြေပြင်ကြုံတွေ့နေရတဲ့ လက်တွေ့အဖြစ်ကိုဖုံးကွယ်၍ စည်ပင်ဌာနမှူးမှ ဗြောင်လိမ်နေ
ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Unicode ဖြင့်ဖတ်ပါ
★★★★★
သုသာန်များတွင် မီးသဂြိုလ်သည့်အပိုင်းနှင့်ပတ်သ က်၍ သက်ဆိုင်ရာအဖွဲ့အစည်းများက လိုအပ်သည့်အပိုင်းများကို ဆောင်ရွက်ပေးခဲ့သည့်အတွက် လက်ရှိအခြေနေမှာတော့ လူမှုကွန်ရက်စာမျက်နှာတွေမှာပြောသလို ဖြစ်နေတာတွေ မရှိပါဘူးဟု
စည်ပင်သာယာရေးကော်မတီပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှူး ဦးချိုထွန်းအောင်က ပြောကြားခဲ့သည်။ “ကျွန်တော်တို့အနေနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ဆုံ.းပါးသွားတဲ့သူတွေကို သဂြိုဟ်ပေးရတဲ့အပိုင်းမှာ ယခင်ကေ သဆုံ.းသူတစ်နေ့ကို ၁၂၀ ပုံမှန်ရှိပါတယ်။
အခုလက်ရှိ ကိုဗစ်တတိယလှိုင်းမှာတော့ ပုံမှန်ကနေ ဇူလိုင် ၁ ရက်နေ့မှာ ၁၄၀ လောက်စပြီး သဂြိုဟ်ပေးရတယ်။အဲ့ဒီကနေ တောက်လျှောက်တက်လာတယ်။ဆယ်ရက်ဝန်းကျင်လောက်မှာတော့ သုံးရာကျော်လေးရာလောက်ခုန်တက်လာပါတယ်။
ရေဝေးမှာများနေရင် တစ်ခြားနေရာတွေမှာ သဂြိုဟ်နိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရကိုတင်ပြခဲ့တယ်။တိုင်းဒေသကြီးအစိုးရအဖွဲ့ ကလည်း အချိန်မီပြန်လည်ပြုပင်ပြီး ဆောင်ရွက်ပေးခဲ့တယ်။ နေ့ညဆောင်ရွက်နိုင်အော င်လည်း လိုအပ်ရင်သက်ဆိုင်ရာအဖွဲ့တွေက ဆောင် ရွက်ပေးခဲ့လို့ လက်ရှိအခြေအနေမှာတော့
လူမှုကွန်ရက်စာမျက်နှာတွေမှာ ပြောနေသလိုဖြစ်နေတာတွေမရှိပါဘူး” ဟုပြောကြားခဲ့သည်။ ရန်ကုန်မှာ နာရေး ကူတဲ့ကားတွေ အလော င်းတွေထပ်ပြီး သယ်ယူ သင်္ဂြိုဟ်ပေးနေရ အစိုးရရဲ့ တရားဝင်စာရင်းတွေအရတော့ ဇူလိုင်လ ၁၈ ရက်နေ့ က ကိုဗစ်ရောဂါကြောင့်ေ သဆုံ.းသူ ၂၃၁ ဦးရှိခဲ့ပြီးတော့
မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် ေ သဆုံ.းသူအရေအ တွက်ဟာ ၅၀၀၀ ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။အရင်လို ကားတစီးကို တစ်လော င်း သယ်တဲ့ အနေအထားမျိုး မဟုတ်တော့ဘဲ၊ ကားတစ်စီးမှာ ၂ လော င်း ၃လော င်း သယ်ပြီးသုသာန်ကို ပို့ပေးနေရတယ်
သုသာန်မှာလည်း ကားတွေတန်းစီနေလို့ အကြာကြီး စောင့်နေရတယ်လို့ လူမှုကယ်ဆယ်ရေး သမားတွေက ရှင်းပြပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာဆိုရင် ကိုဗစ် ၁၉ ကူးစက်သူတွေ များလာသလို ေ.သဆုံးတဲ့သူတွေကလည်း များလာတဲ့အတွက် လက်ရှိနာရေးကူညီမှု ဆောင်ရွက်ပေးနေတဲ့ အသင်းတွေအနေနဲ့
မနိုင်မနင်း အခြေအနေ ဖြစ်နေတယ်လို့ သန်လျင်နာရေးကူညီမူ့အသင်းဥက္ကဋ္ဌက ပြောပါတယ်။သူတို့ အနေနဲ့ တစ်နေ့ကို အလောင်း ၆၀ လောက် သင်္ဂြိုဟ်နိုင်အောင် မနည်းရုန်းကန်နေရသလို တခြား အသင်းတွေလည်း အလားတူ အခြေအနေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ဒါကြောင့်
အလော င်းတွေ ပုံနေတဲ့ပြဿနာကို ဖြေရှင်းဖို့ ရန်ကုန်မှာ နယ်မြေတွေထပ်ခွဲကာ သင်္ဃန်းကျွန်း၊ ပုဇွန်တောင်၊ ဗိုလ်တထောင် တို့ကိုအရင်က ကျီစုသုသာ န် မှာ သင်္ဂြိုဟ်ပေးနေရာက အခုတော့ ရေဝေးသုသာန်ကို ပြောင်းလိုက်ပြီလို့ ပြောပါတယ်။သူ့အဖေ ဆုံ းသွားပြီဆိုတာ ကိုယ်ဘာသာကိုယ် သိပေမဲ့ ေ.သဆုံ းတယ် ဆိုတာကို
ဆရာဝန်က အတည်ပြုဖို့ ဒေသန္တရ ဆေးခန်းကို ကိုမောင်လှ ဖုန်းဆက်ပါတယ်။ အိမ်ကိုလာပြီး လူနာေ.သဆုံးကြောင်း အတည်ပြုပေးဖို့ ဆရာဝန်ကို ပြောတဲ့အခါ သူ့ကို ရင့်ရင့်သီးသီး ဆဲဆိုတယ်လို့ ပြောပါတယ်။ဒါနဲ့ ပတ်သက်လို့ ဘီဘီစီအနေနဲ့ ဒေသန္တရ ဆေးခန်းဘက်ကို မေးမြန်း အတည်ပြုနိုင်တာမျိုးတော့ မရှိသေးပါဘူး။
ရန်ကုန်မြို့က နေအိမ်တွေမှာ ေ.သဆုံ းခဲ့တဲ့သူတွေအတွက် အခုလက်ရှိမှာ ဆရာဝန်ရဲ့ ေ သစာရင်းလက်မှတ် ရဖို့ကိုလည်း အခက်ကြုံနေရပြီး အချိန်ကြန့်ကြာတာတွေလည်း ရှိနေပါတယ်။“ကျွန်တော့်အစ်မက ညက ဆုံ.းတယ်။ လူနာတင်ကားရော နိဗ္ဗာန်ယာဉ်ရော ခေါ်လို့မရဘူး။
အိမ်မှာလည်း bodyကို တစ်ညထားရတာပေါ့။ဒီနေ့ မနက်မိုးလင်းတော့ မြေချဖို့အတွက် ေ.သစာရင်း လိုက်လုပ်တော့ သူပြနေကျ ဆေးခန်းတွေလည်း တစ်ခုမှ မဖွင့်ဘူး။အနီးနားက ဆေးခန်းတစ်ခုကျတော့လည်း အထွေထွေကုဆရာဝန်တွေ မထိုင်ဘူး။
အိုဂျီ(သားဖွားမီးယပ်) ပဲရှိတယ်။ အိုဂျီကလည်း ေ.သစာရင်းပေးလို့မရဘူးလို့ ပြောပါတယ်။ ကျွန်တော်တို့လည်း ဘယ်လိုလုပ်ရမလဲမသိဘူး။ တော်တော်လေး အခက်တွေ့ပါတယ်။ အိမ်မှာလည်း အလောင်းက ဒီတိုင်း။ ကိုယ့်လူကိုလည်း ဘယ်ကိုမှ ပို့မရဖြစ်နေတာ။
အဲဒီမှာမနက် ၁၀ နာရီ မထိုးခင်လောက် ကျတော့ ရပ်ကွက်ထဲက ချိတ်ဆက်ထားတဲ့ ပရဟိတအသင်းကနေ ရုပ်အလော င်းကို လာသယ်တော့ သူတို့ဆီမှာ အသင်းနဲ့ ချိတ်ဆက်ထားတဲ့ ဆရာဝန်လည်း ရှိတယ်ဆိုတော့ အဲဒီဆရာဝန်ကနေ
နောက်ဆုံးမှာအတည် ပြုပေးပြီး ေ.သစာရင်း ထုတ်ပေးလိုက်တာပေါ့။ အဲဒီေ.သစာရင်းရမှ ကျွန်တော်တို့က ဒေသန္တရကျန်းမာ ရေးကို သွားရပါတယ်။ အဲဒီမှာ ဆရာဝန်ရဲ့ လက်မှတ်နဲ့ ေ သစာရင်းပြတော့ သင်္ချိုင်းလက်မှတ်ကို ရတယ်။ အဲဒီနှစ်ခုပါတော့မှ အလော င်းကိုသယ်ပြီး
ကျီစုသုသာန်ကို သွားရတာပေါ့” လို့ ေ သစာရင်းရဖို့ အခက်ကြုံခဲ့ရတဲ့ သာကေတမြို့နယ်က မိသားစုဝင်တစ်ဦးက ပြောပြပါတယ်။ရေဝေးသုသာန်ဟာ အရင်က ေ သဆုံးသူ ၅၀ နဲ့ ၁၀၀ ကြား နေ့စဉ် မီးသင်္ဂြိုဟ်လေ့ရှိပေမဲ့ ဇူလိုင် ၁၉ ရက်နေ့မှာတော့ ရောက်လာတဲ့ အလော င်းတွေက
၃၅၀ ကျော်လောက် ရှိတယ်လို့ ဆိုပါတယ်။ ရောဂါကြောင့် ေ.သဆုံးရတယ်ဆိုပေမဲ့ မေ သခင် အောက် ဆီဂျင်ရဖို့ တစ်မြို့လုံးပတ်ပြီး လိုက်ရှာခဲ့ရတယ် လို့ သူကပြောပါတယ်၊မနေ့ကတော့ အောက်ဆီဂျင် တစ်အိုး ၂ သိန်း ၈ သောင်းနဲ့ ရလာလို့ ဖခင်ကြီး ရှူလိုက်ရသေးတယ် လို့လည်း သူကပြောပါတယ်။
ရန်ကုန်မြို့မှာ နေအိမ်တွေမှာ အခုလို ကူသူ ကယ်သူမဲ့ပြီး ကိုဗစ်ရောဂါလက္ခဏာတွေနဲ့ ေ သဆုံးခဲ့သူတွေ ရှိနေပေမဲ့ ည ၈ နာရီမှာ ထုတ်ပြန်တဲ့ ကိုဗစ်ကြောင့် ေ.သဆုံးတဲ့လူနာ စာရင်းမှာ အဲဒီလူတွေ ပါလေ့ မရှိဘူးလို့ ရန်ကုန်ဒေသခံတွေက ပြောပါတယ်။တကယ်ေ သနေတဲ့ စာရင်းက
အစိုးရထုတ်ပြန်တဲ့ စာရင်းကို ၅ နဲ့မြှောက်ရလိမ့်မယ်လို့ ကိုမောင်လှက သူ့အမြင်ကိုပြောပါတယ်။“ရောဂါဖြစ်လို့ ဆေးရုံလည်းတက်ခွင့်မရ၊ ကုပေးတဲ့ ဆရာဝန်ကလည်းမရှိ၊ ေ သတော့လည်း အခေါင်းတောင် မပါဘဲ သင်္ဂြိုဟ်နေရတာတွေ တွေ့ရတော့ ရင်နာတယ်“လို့ ကိုမောင်လှက ပြောပါတယ်။
တစ်ချိန်ထဲမှာ အခုလို ကိုဗစ် တတိယလှိုင်း ပြင်းထန်နေချိန်မှာ တ ရု.တ်နိုင်ငံထုတ် ကိုဗစ်ကာကွယ် ဆေး ၆ သန်း ရဖို့ရှိပြီး လူဦးရေ ၃ သန်းလောက် ကိုထိုးပေးနိုင်ဖို့ စီမံချက်ချထားတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကပြော ပါတယ်။ ခရက်ဒစ်