သေဆုံးသူတွေများပြားလွန်းလို့ အလောင်းတွေကို ကြုံသလိုသယ်ဆောင်ပြီး မီးသင်္ဂြိုလ်မယ့်နေရာကို အရောက်ပို့နေရတဲ့ ရင်နင့်စရာမြင်ကွင်း

ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )

ေဇာ္ဂ်ီ / ယူနီကုဒ္ ( ၂ မ်ိဳးလုံးျဖင့္ဖတ္ရႈႏိုင္ပါသည္ )

Unicode ဖြင့်ဖတ်ပါ
★★★★★

ဇူလိုင်လ (၁၉)ရက်နေ့မှာတော့ ကိုဗစ်ပိုးတွေ့ရှိသူ (၅၁၈၉)ဦးရှိပြီး သေဆုံးသူတွေလည်း အများအပြားရှိခဲ့ပါတယ်။တချို့ပြည်သူတွေလည်း အိမ်ထဲမှာပဲနေရင်း သေဆုံးနေရတာတွေရှိပါတယ်။

ပြည်သူလူထုကတော့ တစ်မိသားစုလုံး positive ဖြစ်သွားတဲ့အိမ်တွေကိုလည်း ဆေးဝါးနဲ့ အစားအသောက်အကူအညီတွေ ပေးနေကြတာဖြစ်ပါတယ်။ကိုဗစ်တတိယလှိုင်းမှာ သေဆုံးမှုနှုန်းမြင့်တက်နေလို့ သင်္ဂြိုလ်တဲ့နေရာတွေမှာ အလောင်းတွေစုပြုံနေတာကို မြင်တွေ့ရပါတယ်။

ပြည်သူတွေလည်း ဒီလိုစိတ်မကောင်းစရာမြင်ကွင်းတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တွေ့မြင်နေရတာဖြစ်လို့ အရမ်းဝမ်းနည်းနေကြတာဖြစ်ပါတယ်။

ပရဟိတအဖွဲ့အစည်းတွေဆိုရင်လည်း  သေဆုံးသူရုပ်အလောင်းတွေကိုသုသာန်သို့ တစ်နေ့တည်းအများကြီး ပို့ပေးရတာကြောင့် အရမ်းပင်ပန်းနေကြပြီဖြစ်ပါတယ်။ဒါ့အပြင် သေဆုံးသူများပြားလွန်းတာကြောင့် နာရေးကားတွေ၊Ambulance တွေတောင် မလောက်တော့ဘဲ ကြုံသလိုသယ်နေရတာဖြစ်ပါတယ်။

သေဆုံးသူတွေရဲ့ ကျန်ရစ်သူမိသားစုဝင်တွေကတော့ ရုပ်အလောင်းတွေကို သုံးဘီး၊Taxi၊Light truck စတာတွေနဲ့သယ်ဆောင်နေရတာဖြစ်ပါတယ်။အဲ့ဒီလိုသယ်ဆောင်ပြီးလို့ သင်္ဂြိုလ်မယ့်နေရာရောက်ရင်လည်း မီးသင်္ဂြိုလ်ဖို့အတွက် တန်းစီရသေးတာဖြစ်ပါတယ်။

ပြည်သူတွေခမျာ လက်ရှိအခြေအနေကြီးကို အားတင်းရင်ဆိုင်နေရပေမယ့်နေ့စဉ်ရက်ဆက် အဆင်မပြေတာတွေကိုသာ တွေ့မြင်နေရတာဖြစ်ပါတယ်။အခုလည်း ကားကြီး၊ကားငယ်အသွယ်သွယ်နဲ့ ရုပ်အလောင်းတွေကို သယ်ဆောင်နေကြတဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ဇူလိုင္လ (၁၉)ရက္ေန႔မွာေတာ့ ကိုဗစ္ပိုးေတြ႕ရွိသူ (၅၁၈၉)ဦးရွိၿပီး ေသဆုံးသူေတြလည္း အမ်ားအျပားရွိခဲ့ပါတယ္။တခ်ိဳ႕ျပည္သူေတြလည္း အိမ္ထဲမွာပဲေနရင္း ေသဆုံးေနရတာေတြရွိပါတယ္။

ျပည္သူလူထုကေတာ့ တစ္မိသားစုလုံး positive ျဖစ္သြားတဲ့အိမ္ေတြကိုလည္း ေဆးဝါးနဲ႔ အစားအေသာက္အကူအညီေတြ ေပးေနၾကတာျဖစ္ပါတယ္။ကိုဗစ္တတိယလႈိင္းမွာ ေသဆုံးမႈႏႈန္းျမင့္တက္ေနလို႔ သၿဂႋဳလ္တဲ့ေနရာေတြမွာ အေလာင္းေတြစုၿပဳံေနတာကို ျမင္ေတြ႕ရပါတယ္။

ျပည္သူေတြလည္း ဒီလိုစိတ္မေကာင္းစရာျမင္ကြင္းေတြကို လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ ေတြ႕ျမင္ေနရတာျဖစ္လို႔ အရမ္းဝမ္းနည္းေနၾကတာျဖစ္ပါတယ္။

ပရဟိတအဖြဲ႕အစည္းေတြဆိုရင္လည္း  ေသဆုံးသူ႐ုပ္အေလာင္းေတြကိုသုသာန္သို႔ တစ္ေန႔တည္းအမ်ားႀကီး ပို႔ေပးရတာေၾကာင့္ အရမ္းပင္ပန္းေနၾကၿပီျဖစ္ပါတယ္။ဒါ့အျပင္ ေသဆုံးသူမ်ားျပားလြန္းတာေၾကာင့္ နာေရးကားေတြ၊Ambulance ေတြေတာင္ မေလာက္ေတာ့ဘဲ ႀကဳံသလိုသယ္ေနရတာျဖစ္ပါတယ္။

ေသဆုံးသူေတြရဲ႕ က်န္ရစ္သူမိသားစုဝင္ေတြကေတာ့ ႐ုပ္အေလာင္းေတြကို သုံးဘီး၊Taxi၊Light truck စတာေတြနဲ႔သယ္ေဆာင္ေနရတာျဖစ္ပါတယ္။အဲ့ဒီလိုသယ္ေဆာင္ၿပီးလို႔ သၿဂႋဳလ္မယ့္ေနရာေရာက္ရင္လည္း မီးသၿဂႋဳလ္ဖို႔အတြက္ တန္းစီရေသးတာျဖစ္ပါတယ္။

ျပည္သူေတြခမ်ာ လက္ရွိအေျခအေနႀကီးကို အားတင္းရင္ဆိုင္ေနရေပမယ့္ေန႔စဥ္ရက္ဆက္ အဆင္မေျပတာေတြကိုသာ ေတြ႕ျမင္ေနရတာျဖစ္ပါတယ္။အခုလည္း ကားႀကီး၊ကားငယ္အသြယ္သြယ္နဲ႔ ႐ုပ္အေလာင္းေတြကို သယ္ေဆာင္ေနၾကတဲ့ပုံရိပ္ေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Photo Credit: Original Uploder