ချွေးမနဲ့သားအရင်းမှ ပေါင်းပြီး မိခင်အိုကြီးကို ဇရပ်ထဲမှာ လာရောက်စွန့်ပစ်

ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )


Zawgyi ဖြင့်ဖတ်ပါ
★★★★★







#Alinkartay 21.7.2021

Unicode ဖြင့်ဖတ်ပါ
★★★★★

“ ချွေးမနဲ့သားအရင်းမှ ပေါင်းပြီး မိခင်အိုကြီးကို ဇရပ်ထဲမှာ လာရောက်စွန့်ပစ် ”

ဒီပုံထဲက အဘွားကို..သေချာကြည့်ပေးကြပါ။နာမည် ဒေါ်ယဉ်လှိုင်အသက်80၊သားနာမည်ကိုဝင်းနိုင်၊ချွေးမနာမည်မမိုမိုနေရပ်မော်လမြိုင် ကျွန်းတောလမ်း သူ့သားက ကားမောင်းတယ်မြေးလေးတွေလဲရှိတယ်။

ဒါတွေက ဒီအဘွားကိုမေးထားခြင်းဖြစ်ပါတယ်…အသက်လဲကြီး..နားကလဲမကြားတော့ မနည်းအော်ဟစ်ပြီးမေးထားရပါတယ်…ဒီနေ့ညနေ4:00ဝန်းကျင်လောက်က ကျွန်တော်တို့ ပဲခူးတိုင်းပဲခူးမြို့ သာယာအေးကျေးရွာ ဇရပ်မှာအဖြူရောင်ကားတစ်စီးထဲက အမျိုးသားတစ်ဦးက ပွေ့ချီပြီး

အမျိုးသမီးက စားစရာအဝတ်အထည်ထည့်ထားသောခြင်းကို သယ်ယူပြီးလာပစ်သွားခြင်းဖြစ်ကြောင်း ရွာမှဦးလေးတစ်ဦးမှမြင်တွေ့ခဲ့ခြင်းဖြစ်သည်…မိုးချုပ်ရင်လာပြန်ခေါ်မယ်လို့ သူ့သားကပြောသွားတယ်တဲ့ အာ့ကိုယုံစားပြီး အိပ်ရာခင်းကိုတောင်မခင်းနိုင်ပဲ ခေါင်းအုံးသဖွယ် အုံးပြီးစောင့်နေရှာတယ်…

မေးကြမြန်းကြတော့..အဘွားမှာမျက်ရည်တွေကျနေတယ်..မျက်ဝန်းမှာ..အားငယ်ခြင်း ဝမ်းနည်းခြင်းတွေပြည့်နေတယ်..ကျွန်တော့်ရဲ့friတွေထဲက မော်လမြိုင်နေသူတွေ အခုကျွန်တော်တင်ထားတဲ့

လိပ်စာနဲ့ သား ချွေးမ နာမည်တွေရှိ မရှိ မော်လမြိုင်နေသူတွေရှိခဲ့ရင် စုံစမ်းပေးပါဗျာ…တကယ်သာဆိုအခုလိုရောဂါကာလ စစ်ကာလကြီးမှာ အသက်80အမေအိုကိုအခုလို မစွန့်ပစ်သင့်ပါဘူးဗျာ…အဘွားပုံကို မတင်သင့်မှန်းသိပေမဲ့…တင်လိုက်ရပါတယ်နော်…မကျွေးနိုင်တော့ရင် ဘိုးဘွားရိပ်သာသွားပြီး အကူအညီတောင်းကြပါခင်ဗျာ..

#Alinkartay 21.7.2021