You are here
Home > အနုပညာ > ချစ်သူရဲ့မထင်မှတ်ပဲလက်ထပ်ခွင့်အတောင်းခံလိုက်ရတဲ့ ချစ်သူငယ်ချင်းလေးနန်းသူဇာကိုကြည့်ပြီး ထပ်တူပျော်ရွှင်ရကြောင်းပြောပြလာတဲ့ နန်းမြတ်ဖြိုးသင်း
ချစ်သူရဲ့မထင်မှတ်ပဲလက်ထပ်ခွင့်အတောင်းခံလိုက်ရတဲ့ ချစ်သူငယ်ချင်းလေးနန်းသူဇာကိုကြည့်ပြီး ထပ်တူပျော်ရွှင်ရကြောင်းပြောပြလာတဲ့ နန်းမြတ်ဖြိုးသင်း
သရုပ်ဆောင်နဲ့ မော်ဒယ်လ်တွေဖြစ်ကြတဲ့ နန်းသူဇာနဲ့ နန်းမြတ်ဖြိုးသင်းတို့ကတော့ အနုပညာအလုပ်တွေကို အတူတူလုပ်ကိုင်ခဲ့ကြသလို အပြင်မှာလည်း တစ်ယောက်နဲ့တစ်ယောက် အရမ်းခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းတွေပဲဖြစ်ပါတယ်။ . . . . . . . သူငယ်ချင်းကောင်းတွေပီပီ တစ်ယောက်ရဲ့ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းတွေကို မျှဝေခံစားတတ်တဲ့ နန်းသူဇာနဲ့ နန်းမြတ်ဖြိုးသင်းတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အရမ်းဂရုစိုက်တတ်ကြတာပဲဖြစ်ပါတယ်။ . . . . . . .
မနေ့က ဇွန်လ (၂၃) ရက်နေ့မှာတော့ နန်းသူဇာဟာ သူမရဲ့ချစ်သူ ကျော်ထွဋ်ဆွေဆီကနေ လက်ထပ်ခွင့်တောင်းခံခဲ့ရတာပဲဖြစ်ပါတယ်။ . . . . . . . နန်းမြတ်ဖြိုးသင်းကလည်း သူငယ်ချင်းနန်းသူဇာ လက်ထပ်ခွင့်တောင်းခံရမယ့် Surprsie အတွက် ကျော်ထွဋ်ဆွေကို ကူညီပေးခဲ့ပြီး နန်းသူဇာအတွက်လည်း ထပ်တူဝမ်းသာကြောင်း “သူငယ်ချင်းလေးအရမ်းပျော်နေတာကိုယ်လဲပျော်.. တသက်စာစိတ်ချမ်းသာစရာတွေပဲကြုံတွေ့ရပါစေသူငယ်ချင်းလေးရေ ” ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ . . . . . . .
နန်းသူဇာကတော့ နန်းမြတ်ဖြိုးသင်းရဲ့ အရေးကြီးချိန်တွေမှာ အမြဲတမ်း အနားမှာရှိနေပေးခဲ့သလို နန်းမြတ်ဖြိုးသင်းကလည်း နန်းသူဇာရဲ့ လက်ထပ်ခွင့်တောင်းခံရတဲ့ အရေးကြီးအချိန်မှာ အတူတူရှိနေပေးခဲ့တာဖြစ်ပါတယ်။ . . . . . . . ချစ်စရာကောင်းနဲ့ နန်းမြတ်ဖြိုးသင်းနဲ့ နန်းသူဇာတို့ သူငယ်ချင်းနှစ်ယောက် အခုလိုပဲ အမြဲတမ်း ချစ်သွားနိုင်ကြပါစေနော်။ . . . . . . .
Source: Nann Myat Phyo Thinn’s fb
Credit ; Cele Active World
Top
//waufooke.com/4/3018672