You are here
Home > Health_star > “သက်ရှည်ကျန်းမာဖို့အတွက် အရေးအကြီးဆုံးအချက်များ”(မေတ္တာရှင် ရွှေပြည်သာ)

“သက်ရှည်ကျန်းမာဖို့အတွက် အရေးအကြီးဆုံးအချက်များ”(မေတ္တာရှင် ရွှေပြည်သာ)

“သက်ရှည်ကျန်းမာဖို့အတွက် အရေးအကြီးဆုံးအချက်များ”

၁။ ညအိပ်ယာဝင်ခါနီးတိုင်းသွားတိုက်ပါ။သွားတိုက်ပြီးသည်နှင့်ဘာမျှမစားသင့်တော့ပါ။ခံတွင်းသန့်လျင်ရောဂါအမျိုးအစား၇၀ကိုအလိုလိုကာကွယ်ပြီးသားဖြစ်သည်။ခံတွင်းမသန့်ရှင်းသည်နှင့်ရောဂါအမျိုးအစား၇၀ကိုဖိတ်ခေါ်ပြီးသားဖြစ်သည်။

၂။ အသက်ကြီးသည်အထိသွားခိုင်မှသက်ရှည်ကျန်းမာနိုင်သည်။ငယ်စဉ်ကတည်းကသွားကျန်းမာကြံ့ခိုင်အောင်အမာစာများတအားမစားပါနှင့်အချိုလျော့စားပါ။ခံတွင်းသန့်ရှင်းဖို့အမြဲဂရုစိုက်ပါ

၃။ မိမိစိတ်တွင်မေတ္တာတရားကိုသာလက်ခံပါ။စိတ်ချမ်းသာစရာကိုသာတွေးပါ။

၄။ သူတစ်ပါးကိုပေးဖို့ရာသာတွေးပါ။ရယူဖို့ရာဘယ်တော့မှမတွေးပါနှင့်

၅။ အစာစားတိုင်းကြေညက်အောင်ဝါးစားပါ

၆။ ကန်စွမ်းရွက်ကိုနေ့စဉ်စားပါ။ကြော်၊ပြုပ်၊ချဉ်ရည်ဟင်းချက်၊တစ်ခါတစ်ရံအရိုးကိုထန်းလျက်နှင့်ပြုပ်သောက်ပါ။ကန်စွမ်းရွကသည်ဝမ်းဗိုက်ထဲရောက်နေသောရောဂါဖြစ်မည့်အဆိပ်မျိုးစုံကိုပယ်ဖျောက်ပေးသည်။အသားအရည်ကိုချောမွေ့လှပစေသည်သွေးကိုသန့်ရှင်းစေသည်။အမျိုးသမီးများဓမ္မတာကိစ္စ၊သွေးဆုံး၊မီးယပ်ရောဂါမှန်သမျှကိုကောင်းအောင်ကုသပေးသည့်သဘာဝသမားတော်ဖြစ်သည်။ကန်စွမ်းရိုးသည်အသက်ကြီးလျင်အလိုလိုကုန်ခန်းလာသည့် အရိုးတွင်းမှကက်ဆီယံဓါတ်ကိုပြန်ဖြည့်ပေးသည်။

၇။မနက်အိပ်ယာထရေနွေးဆူအောင်တည်၍‌ခေတ္တအအေးခံကာခပ်နွေးနွေးကိုတစ်ဝကြီးသောက်ပါသောက်ပြီး၄၅မိနစ်ကြာမှအစာစားပါ ကင်ဆာ၊သွေးတိုးဆီးချိုစာသောနာတာရှည်ရောဂါများကိုပျောက်ကင်းစေသကဲ့သို့မလိုအပ်သောအဆီများကိုချပေးသည်။

သတိပြုရမည်မှာညကတည်းကတည်ထားသော ဓါတ်ဘူးထဲထည့်ထားသောရေနွေးမဖြစ်ဖို့လိုသည်။ညသိပ်ရေနွေးသည်အဆိပ်ဖြစ်သောကြောင့်မသောက်သင့်ပါ

၈။ တစ်ရက်တစ်ကြိမ်ကြက်သွန်ဖြူ၄တက်လောက်ကိုထမင်းနှင့်မြှုပ်စားပါ။စားနည်းမှာ ကြက်သွန်ဖြူ၄တက်ကိုအခွံခွါကာပြားသွားအောင်ထုပါ။အနည်းဆုံး၁၅မိနစ်ကြာအောင်စောင့်ပြီးမှထမင်းနှင့်မြှုပ်စားပါ။နှလုံးရောဂါသမားများနှစ်လကျော်အတွင်းသက်သာပျောက်ကင်းနိုင်သည်။များလွန်းလျင်မကောင်းပါသုံးလေးတက်ထက်ပိုမစားသင့်ပါကြက်သွန်ဖြူကိုပြားလိုက်လျင်ထွက်လာသောအစေးနှင့်ပြင်ပအောက်ဆီဂျင်လေထိသွားသောအခါကျမှဆေးဖြစ်ပြီးသွေးသန့်အောင် သွေးကျဲအောင်လုပ်ပေးနိုင်သောဓါတ်ကိုဖြစ်စေသောကြောင့်အနည်းဆုံး၁၅မိနစ်စောင့်ပြီးမှစားရခြင်းဖြစ်သည်

ထိုကြက်သွန်ဖြူသည်နှလုံးသမားများစားနေသောသွေးကြဲဆေးထက်၄ဆပိုပြီးအာနိသင်ရှိကြောင်းပြင်သစ်ဆရာဝန်တစ်ယောက်ပြောဖူးသည်။. ကြိုတင်စားထားလျင်လေအား သွေးအားကိုကောင်းစေသည့်အပြင်သွေးကိုပါသန့်စေသောကြောင့် သွေးတိုး၊လေးဘက်နာရောဂါ၊လေဖြတ်ရောဂါ၊နှလုံးရေဂါများကိုကာကွယ်ပြီးသားဖြစ်သည်။

၉။ တစ်ရက်လျင်ပုံမှန်ဖန်ခွက်ဖြင့်ရေ၈ခွက်ခန့်ဝင်အောင်သတိထားသောက်ပါ။ဆီးသွားချင်လျင်အောင့်မထားဘဲချက်ခြင်းသွားပါကျန်းမာခြင်းသည်အမြတ်ဆုံးလာဘ်ဟူသောဘုရားရှင်စကားတော်ကိုဦးထိပ်ထားပြီး ကျန်းမာရေးကိုရွှေငွေပစ္စည်းဥစ္စာများနှင့်ဘယ်သောအခါမှမလဲမိအောင်ဂရုစိုက်ပါ။အချိန်မှန်အိပ်အချိန်မှန်စားလျင်ရောဂါဖြစ်ဖို့အလွန်ခဲယဉ်းပါသည်။
ကျန်းမာရေးထိခိုက်သည်နှင့်ပြည့်စုံနေသောစီးပွါးရေး၊အိမ်ထောင်ရေးပညာရေးများသည်ဘာမျှသုံးစားမရတော့သည်ကိုသတိပြုပါ။

အားလုံးသက်ရည်ကျန်းမာကြပါစေ။

မေတ္တာရှင် ရွှေပြည်သာ

#36Myanmar

Top
//mordoops.com/4/3018672