ဧပရယ်လ (၁၀) ရက်နေ့ကတော့ နိုင်ငံကျော် တေးသံရှင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ မွေးနေ့ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း Birthday Show ကြီးကို ပရိသတ်တွေ နဲ့ပျော်ရွှင်စွာ ကျင်းပလေ့ရှိပါတယ် ။ ဒီနှစ်အခြေအနေအရ လူစုဖို့ မဖြစ်နိုင်တော့တဲ့အတွက် အားလုံးအိမ်ထဲမှာပဲ တတ်နိုင်သလောက်နေဖို့ ဖြစ်လာတဲ့အခါစိုင်းစိုင်းတစ်ယောက် မွေးနေ့ပွဲကို အိပ်ခန်းထဲမှာပဲ ကျင်းပဖို့ ဖြစ်လာပါတယ်။ ၁၅ နှစ်ဆက်တိုက် ကျနော်ပွဲကျင်းပရာနေရာကို ကျနော့်ပရိသတ်တွေ တက်ရောက်ခဲ့ကြပြီးတဲ့နောက် ဒီနှစ်မှာတော့ လူတိုင်းရဲ့ အိပ်ခန်းထဲကနေပဲ ကျနော့်ဖျော်ဖြေမှုကို ကြည့်ရှုကြရတော့မှာဖြစ်ပါတယ်ကမ္ဘာ့ကျန်းမာရေး အခြေအနေက နေ့စဉ်ပြောင်းလဲနေတာကြောင့် ကျနော်ဘယ်လို ဖျော်ဖြေမယ်ဆိုတာ အခုချိန်မပြောနိုင်သေးပါဘူး တီးဝိုင်းနဲ့ သူငယ်ချင်းတွေနဲ့ပါ ဖြစ်နိုင်သလို ကျနော်တစ်ယောက်တည်း One Man Show လည်း
CELE
Auto Added by WPeMatico
နာမည်ကြီးနေတဲ့ ထိုင်းမင်းသမီးလေး အိုးခိုင်မော့ မြန်မာပြည်ကိုရောက်ရှိနေ
ပရိသတ်အချစ်တော် မင်းသမီးချောလေး နန်းဆုဦးရဲ့ ကြည်နူးစရာ မွေးနေ့အလှူလေး
For Zawgyi ပရိသတ်အချစ်တော် မင်းသမီးချောလေး နန်းဆုဦးရဲ့ ကြည်နူးစရာ မွေးနေ့အလှူလေး မြန်မာနိုင်ငံရဲ့ နာမည်ကြီး မင်းသမီးတစ်လက်ဖြစ်တဲ့ မင်းသမီးချောလေး နန်းဆုဦးကိုတော့ မသိတဲ့သူ မရှိလောက်ပါဘူးနော် ။ ရုပ်ရှင် ဇာတ်ကားများစွာမှာ ပါဝင် သရုပ်ဆောင်ဖူးတဲ့အပြင် မကြာသေးခင်က ထွက်ရှိထားတဲ့ “အနန္တ” ဆိုတဲ့ သိပ္ပံရုပ်ရှင်ကားမှာ ပါဝင် သရုပ်ဆောင်ထားပါသေးတယ် ။ နန်းဆုဦးကတော့ ထူးထူးခြားခြား ရုပ်ရည် ချောမောလှပသလို ခပ်ချေချေစတိုင်နဲ့ ဖက်ရှင်ကျကျဝတ်စားတတ်တဲ့ မင်းသမီးလေး ဖြစ်ပါတယ် ။ တည်ငြိမ် အေးဆေးတဲ့ ဟန်ပန်လေးတွေကလည်းပရိသတ်ကို အချစ်ပိုစေတဲ့ အချက်တစ်ခုပါပဲ ။ ရုပ်ရှင် ဇာတ်ကားကြီးတွေမှာလည်း ပရိသတ်တွေက သရုပ်ဆောင်ပီပြင်တဲ့ မင်းသမီးတစ်လက်အဖြစ် အသိအမှတ်ပြုထားတဲ့သူ တစ်ဦးလို့ ဆိုရမှာပါ ။ ဒီနေ့ကတော့ ပရိသတ် အချစ်တော်
ပိုမို လှပအောင် မေးရိုးခွဲစိတ်ပြုပြင် လိုက်တဲ့ နေမင်း …..
သရုပ်ဆောင်နေမင်းက မေးရိုး ခွဲစိတ် ထားတယ်လို့ အဆိုတော် စစ်သွေးက ခွဲစိတ်ပြီး နှစ်လ အကြာမှာ နေမင်းရဲ့ ရုပ်သွင်ဟာ မူလထက်ပိုမို ချောလာမယ် လို့ 8days အင်တာဗျူးမှာဖြေကြားခဲ့ပြီး ယခု ဓာတ်ပုံတွေ ကိုတော့နေမင်းက သူ့ရဲ ဆိုရှယ် မီဒီယာမှာ တင်ပြီး အသိပေး ခဲ့တာဖြစ်ပါတယ်။ ကားနေတဲ့ မေးရိုးခွဲစိတ်ပြီးတဲ့နောက်မှာ ပုံလေးတွေ တင်ပေးလိုက်တဲ့ နေမင်း နိုင်ငံကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ နေမင်းက အနုပညာလောကမှာ နေရာတစ်နေရာ အခိုင်အမာ ရရှိထားတဲ့သူတစ်ယောက် ဖြစ်ပါတယ်။နေမင်းက ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေ အများအပြားမှာ သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝ ရရှိထားတာပဲ ဖြစ်ပါတယ်။ နေမင်းက လက်ရှိမှာလည်း သူချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ နေမင်းက သူ့ရဲ့
အလန်းစား ပွဲတက်ဖက်ရှင် နဲ့ ပုရိသတိုင်း ရဲ့ အသည်းတစ်ခြမ်းကို လှုပ်ကိုင်လိုက်တဲ့ မင်းသမီးဆုမြတ်နိုးဦး
မြန်မာ့ ရုပ်ရှင်လောကမှာ နာမည်ကြီး မင်းသမီးတစ်ဦးဖြစ်ခဲ့ပြီး အခုအချိန်ထိ အားပေးမှုတွေ အမြောက်အများရရှိထားတဲ့ ဆုမြတ်နိုးဦးဟာဆိုရင် အနုပညာအလုပ်တွေကို အောင်မြင်စွာ လုပ်ကိုင်လျက်ရှိတာပါ…။ ခန္ဓာကိုယ် အချိုးအစားဟာဆိုရင် အပြစ်ပြောစရာမရှိအောင် ပြေပြစ်လှပပြီး အပြုံးချိုသူလေးတစ်ယောက်ပါ..။ မြန်မာဝတ်စုံလေးတွေကို ရိုးယဉ်စွာ ဝတ်ဆင်လျက်ရှိပြီး အမြဲနန်းဆန်နေသူ တစ်ယောက်ပါ..။ ခေတ်လူငယ်ပီပီ အတိုအပြတ်လေးတွေကိုလည်း ဆင်မြန်းလျက်ရှိပြီး ဖက်ရှင်ကျ လှပသူလေးတစ်ယောက်ပါ…။ ဆုမြတ်နိုးဦးဟာ ဆိုရင် social ကျသူတစ်ဦးဖြစ်ပြီး သူငယ်ချင်း၊ မိတ်ဆွေ၊ အပေါင်းအသင်းများ သူတစ်ယောက်ပါ..။ သူမရဲ့ စိတ်နေ၊ စိတ်သဘောထားကောင်းမှုနှင့် လူတိုင်းအပေါ် ပွင့်လင်းစွာဆက်ဆံတတ်တဲ့ အတွက်ကြောင့်လို့ ဆိုရင်မှားမယ်မထင်ပါဖူးနော်..။ ဆုမြတ်နိုးဦးဟာ ခရီးသွားဝါသနာပါသူတစ်ယောက်ဖြစ်ပြီး အပန်းဖြေခရီးတွေကိုလည်း ထွက်လေ့ရှိသူတစ်ယောက်ပါ…။ ဆုမြတ်နိုးဦးရဲ့ gym ရုံက ပုံရိပ်လေးတွေနဲ့၊ ရေကူးကန်ထက်က ရေကူးဝတ်စုံနဲ့
Cartoon ကားထဲက မင်းသမီးလေးတွေ အတိုင်း လက်ကလေးကိုင်ပြီးအတူတူတွဲ ကနေကြတဲ့ မေမြင့်မိုရ်နဲ့ရွှေသမီး တို့ရဲ့ဗီဒီယိုလေး
သရုပ်ဆောင် မင်းသမီးချောလေး မေမြင့်မိုရ် ကိုတော့ ပရိသတ်တွေ အားလုံးက ပန်းနုသွေးဆိုတဲ့ နာမည်လေးနဲ့ စသိခဲ့ကြတာ ဖြစ်ပါတယ်။ မေမြင့်မိုရ်က ” ပန်းနုသွေး” ဇာတ်လမ်းတွဲလေးကစလို့ “ပုဂံမြို့သူ ၊ အရိပ်” စတဲ့ ဇာတ်လမ်းတွဲလေးတွေနဲ့ ပရိသတ်တွေရဲ့ အခိုင်အမာ အားပေးဝန်းရံမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း မေမြင့်မိုရ်က ” Star Awards ” ဆုပေးပွဲကြီးမှာ ဆုချီးမြှင့်ခြင်းခံခဲ့ရတဲ့အပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ဆက် တိုက်ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ မနေ့ကလည်း မေမြင့်မိုရ် တို့ အနုပညာရှင်တစ်စုက ” ပွိုင့် ” နေကြာအတွက် ကြော်ငြာတစ်ခု ရိုက်ကူးခဲ့ရတာ တွေ့ရပါတယ်။ မေမြင့်မိုရ်နဲ့အတူ မင်းသားချောလေး ဒေါင်း၊ မင်းသမီးချောလေး
ရှုတင်နားချိန်လေး မှာ ပရိသတ်တွေ နဲ့ပျော်ပျော်ပါးပါး Live လွှင့်ကာစကားပြောခဲ့ကြတဲ့ မြင့်မြတ် ခိုင်သင်းကြည် နဲ့မအေးသောင်း
မခိုင်လေးလို့ အများကချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင် ခိုင်သင်းကြည်ဟာ မြန်မာနိုင်ငံထိပ်တန်းရုပ်ရှင်မင်းသမီးများထဲတွင်လည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ ဆယ်စုနှစ်တိုင်အောင် ပရိတ်သတ်တွေ ရဲ့အချစ်တွေကို သိမ်းပိုက်ရယူထားနိုင်သူတစ်ယောက် ဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ ကျရာဇာတ်ရုပ်များတွင်လည်း ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်မှုတွေကြောင့်လည်း ရုပ်ရှင်ရွှေစင်ထူးချွန်ဆုကိုပါ ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ မအေးသောင်း လို့ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်ကြတဲ့ မင်းသမီးချောလေးအေးဝတ်ရည်သောင်း ကတော့ မြန်မာဆန်ဆန်အဝတ်အစားလေးတွေနဲ့ ပရိတ်သတ်တွေရဲ့အချစ်ကိုဖမ်းစားထားတာပါ။ သူမဟာ အနုပညာလောက မှအချိန်အတော်ကြာပျောက်ကွယ်ခဲ့ပြီးယခုအချိန်မှာတော့ ပရိတ်သတ်တွေအတွက်ဇာတ်ကားများပြန်လည်ရိုက်ကူးလာပြီပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုပ်သံဇာတ်လမ်းတွဲတွေ အများအပြားလက်ခံရိုက်ကူးလျက် ရှိနေတာလည်း ဖြစ်ပါတယ်။ သူတို့ နှစ်ယောက်ဟာ လက်ရှိမှာတော့ ပြင်ဦးလွင်မှာ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးမှာ သူမတို့နှစ်ယောက်အပြင် ထိပ်တန်းသရုပ်ဆောင်မင်းသားချောလေးမြင့်မြတ်နဲ့အတူ အခြား သရုပ်ဆောင်များစွာပါဝင်ထားတာပဲ ဖြစ်ပါတယ်။ မအေးသောင်းနဲ့မခိုင်လေးကတော့ လွန်ခဲ့တဲ့မိနစ်ပိုင်းကပဲ သူမတို့ရိုက်ကူးထားတဲ့ဇာတ်ကောင်နာမည်တွေဖြစ်တဲ့ ” ဘဲဥမနဲ့ ပေါက်စီမ
ဆွဲဆောင်မှု အပြည့် နဲ့ မဂ္ဂဇင်း cover အမိုက်စားပုံလေးတွေ ရိုက်ကူး ထားတဲ့ ဇဏ်ခီ တို့ဇနီးမောင်နှံ
အရည်အသွေးမြင့် ရုပ်ရှင် ဇာတ်ကား ၂ကားနဲ့ မြန်မာပရိသတ်တွေ ရဲ့ တစ်ခဲ နက်အားပေးခြင်း ခံခဲ့ရတဲ့သရုပ်ဆောင် ဇဏ်ခီ နဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ ဇနီးမောင်နှံ တို့ဟာ ဆိုရင် ပရိသတ်တွေ ချစ်ခင် အားပေးရတဲ့ အနုပညာရှင်တွေပါ။ သူတို့ရဲ့ ရုပ်ရှင်ဇာတ်ကား ၂ ကားဖြစ်တဲ့ ဥပါယ်တံမျဉ် ရုပ်ရှင် ဇာတ်ကား နဲ့ မုဒြာခေါ်သံ ရုပ်ရှင် ဇာတ်ကားတွေက ပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက်ဇဏ်ခီ နဲ့ ခရစ္စတီးနားခီ တို့ဇနီးမောင်နှံ ရဲ့ အမိုက်စား ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ဇဏ်ခီ နဲ့ ခရစ္စတီးနားခီ တို့ဇနီးမောင်နှံ က တစ်ယောက်ကို
မိဘနှစ်ပါးရင်ခွင် ကိုနေရာတိုင်း အချိန်တိုင်းမှာ လွမ်းဆွတ်တမ်းတနေကြောင်း မိသားစု ပုံလေးနဲ့အတူဖော်ပြလိုက်တဲ့ ဝင့်ယမုံလှိုင်
ပရိသတ်ကြီးရေ MRTV-4 ရုပ်သံလိုင်းကနေ ပထမဆုံး ရိုက်ကူးတင်ဆက်လိုက်တဲ့ “The Sign Of Love” မြန်မာဇာတ်လမ်းတွဲမှာ “မာယာ”ဆိုတဲ့ ဇာတ်ကောင်နာမည်နဲ့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး ဝင့်ယမုံလှိုင်ကို ထိုရုပ်ရှင် ဇာတ်ကားမှတဆင့် စတင်သိမြင်ခဲ့ကြမှာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး ရိုးသားပွင့်လင်းတဲ့ သူမရဲ့ဟန်ပန်လေးတွေကြောင့် ပရိသတ်ကြီးရင်ထဲ အချစ်တွေ ပိုစေခဲ့တာပဲ ဖြစ်ပါတယ်။ မင်းသမီးချောလေး ဝင့်ယမုံလှိုင်ဟာ သူမရဲ့ကြိုးစား အားထုတ်မှုတွေကြောင့်ပဲ “ကျမကမဟေသီ” ဇာတ်လမ်းတွဲမှာ ထပ်မံပါဝင်သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။သူမဟာ ပရိသတ်ကြီးနဲ့ဝေးကွာမှုမရှိရလေအောင် အနုပညာအလုပ်တွေကို စဉ်ဆက် မပြတ်ဆက်လက်လုပ်ကိုင်နေတာကို တွေ့မြင်ကြရမှာပဲဖြစ်ပါတယ်။ အချို့သောရုပ်ရှင်ဇာတ်ကားတွေကို နယ်မြို့လေးအချို့မှာ သွားရောက်ရိုက်ကူးခဲ့ကြရတာဖြစ်ပါတယ်။မိဘအိမ်နှင့်ဝေးကွာပြီး အနုပညာလုပ်ငန်းတွေကို သွားရောက်လုပ်ကိုင်ခဲ့စဉ်မှာလဲ မိဘနှစ်ပါးရင်ခွင်ကိုအမြဲလွမ်းဆွတ်တမ်းတနေကြောင်း သူမ ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ မိသားစုဓာတ်ပုံလေးတင်ကာ အလွမ်းပိုနေတာလေးကို ကြည်နူးစရာတွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။၎င်းပုံရိပ်လေးကို ပရိသတ်ကြီးမြင်တွေ့ခံစားနိုင်အောင်
အဖေများနေ့ ကို အချစ်ဆုံးနှစ်ယောက်ဘေး မှာထားပြီး ဂုဏ်ပြုဖြတ်သန်းခဲ့တဲ့ ရွှေထူး
မင်းသမီးလေးရွှေမှုန်ရတီ နဲ့ အဆိုတော် ရွှေထူးတို့ဟာဆိုရင် နေ နဲ့လ ရွှေနဲ့မြဆိုတဲ့ စကားအတိုင်း အရမ်းကိုကြည်နူးအားကျဖို့ကောင်းတဲ့ စုံတွဲလေးဖြစ်ပါတယ်…။ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ခင်မြတ်နိုး တာဖြစ်ပြီး အရိပ်အောက်က ပျောက်မခံနိုင်သူတွေပါနော်….။ သူတို့နှစ်ယောက် အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာလည်း ချစ်ခင်ဝန်းရံမှုတွေ အရင်ကထက်ပိုမို ရရှိလာပြီး အနုပညာ အလုပ်တွေကို တစ်ယောက်ကို တစ်ယောက် ဖေးမလုပ်ကိုင်ပေးလျက်ရှိတာဖြစ်ပါတယ်…။ နှစ်ကိုယ်တော် တေးသီချင်း ဗီဒီယိုဖြစ်တဲ့ “အမှား” ဟာဆိုရင် social media လောကမှာ လူကြိုက်များရေပန်းစားလျက်ရှိပြီး အချိန်တိုအတွင်းမှာပဲ အောင်မြင်မှုများစွာရရှိထားတာပါ…။ အနုပညာအလုပ်ကို စိတ်ရောကိုယ်ပါနှစ်ပြီး ကြိုးစားလုပ်ကိုင်မှုတွေကြောင့် “ဧည့်သည်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အတွဲညီညီ ဇနီးမောင်နှံ အဖေများနေ့ကို အချစ်ဆုံးနှစ်ယောက်ဘေးမှာထားပြီး ဂုဏ်ပြုဖြတ်သန်းခဲ့တဲ့ ရွှေထူး ရွှေထူးတို့ ဇနီးမောင်နှံ ဟာဆိုရင် ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင်